RT Finance အကြောင်း
Reliable & Trusted Company Limited (RT Finance) သည် ဘဏ်မဟုတ်သောငွေရေးကြေးရေး အဖွဲ့အစည်းအဖြစ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ မှတ်ပုံတင်အမှတ် NBFI/FC-13/02/2018 ဖြင့် လုပ်ကိုင် ခွင့်ပြုထားသော ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံကုမ္ပဏီများ ဉပဒေအရ အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထားသည့် အများနှင့် မသက်ဆိုင်သည့်ကုမ္ပဏီအဖြစ် မှတ်ပုံတင် ခွင့်ပြုချက် ရရှိထားသော ကုမ္ပဏီဖြစ်သည်။
RT Finance သည် သုံးစွဲသူများ၏လိုအပ်ချက်များ၊ မျှော်လင့်ချက်များနှင့်ကိုက်ညီသော ချေးငွေအမျိုးအမျိုးကို ဖန်တီးပြီး၊ အစဉ်အမြဲပြောင်းလဲနေသော စီးပွားရေးဝန်းကျင်တွင် ယှဉ်ပြိုင်နိုင်စေသည်။